အဓိကအကြောင်းအရာသို့ သွားမည်

အစိုးရရဲ့ ထောက်ပံ့ကြေး အိမ်ပေါက်စေ့ မရောက်တာ ဘာကြောင့်လဲ

Category

အစိုးရထောက်ပံ့ကြေးရရှိနိုင်မှု မြေပြင်အခြေအနေ

++++++++++++++++++++++++++++++++++

အစိုးရရဲ့ ကိုဗစ်ကာလ အခြေခံပြည်သူတွေကို (၄)ကြိမ်မြောက် ထောက်ပံ့မှုအဖြစ် ပြီးခဲ့တဲ့ သီတင်းပတ်ကစပြီး တစ်အိမ်ထောင်ကို ကျပ်ငွေ (၄) သောင်း စတင်ပေးအပ်ခဲ့ပါတယ်။

ဒီထောက်ပံ့မှုဟာ အိမ်တိုင်းစေ့မရောက်ရှိခဲ့တာကြောင့် ပြည်သူလူထုအကြား မကျေနပ်မှုတွေရှိခဲ့ပြီး သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးရုံးတွေမှာပါ စုရုံးတောင်းဆိုမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အိမ်ထောင်စုစာရင်း ကောက်ခံတဲ့နေရာမှာ လိုအပ်ချက်တွေဖြစ်ပေါ်ခဲ့တာကြောင့် ထောက်ပံ့ငွေပေးဖို့ ကျန်ရှိခဲ့တာဖြစ်သလို ငွေကြေးတက်နိုင်သူလို့ ယူဆရတဲ့သူတွေကို ပေးအပ်ဖို့ ချန်လပ်ခဲ့မှုတွေရှိတယ်လို့ ပြောဆိုကြပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သတ်ပြီး BETV Business က ထောက်ပံ့ငွေရရှိမှု မြေပြင်အခြေအနေတွေကို ပြည်သူလူထု ဘယ်လိုတွေ့ကြုံနေရသလဲဆိုတာကို အခုလိုပဲ မေးမြန်းတင်ဆက်ပေးထားပါတယ်။

#BETV #Business #COVID19

ဆက်စပ် အကြောင်းအရာများ (Tags)